Monday, October 10, 2016
ပါဏာတိပါတ
ပါဏာတိပါတ-
* သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်း၊ယင်းလုပ်ရပ်သည် အပြစ်လည်းရှိ၍ မကောင်းကျိုး ( ဆင်း ရဲ) ကိုလည်း ဖြစ်စေသောကြောင့် အကုသိုလ်မည်၏။ သူရှိနေသ၍ အသက်၏ အန္တရာယ်ကို အမြဲစိုးရိမ်နေရ၏၊ ကြောက်လန့်နေရ၏။ သူရှိနေသော အရပ်သည် အဖြူရောင်ငြိမ်းချမ်းရေး နယ်မြေ မဟုတ်တော့ ။မငြိမ်းချမ်း သောနယ်မြေသည် ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံနေစေကာမူ စိတ်ပိုင်းဆိုင်ရာ အဘယ်မှာ ချမ်းသာမှု ရနိုင်ပါအံ့နည်း၊ စိတ်ဆင်းရဲ နေသော သူကိုပစ္စည်းပညာပါဝါမည်မျှ ပြည်စုံစေကာမူ “ လူချမ်းသာ ” ဟူ၍ ခေါ်ဆိုနိုင်မည်မဟုတ် ပေ။
ရှင်တော်မြတ်ဘုရားက “ စိတ်ချမ်းသာမှု ကိုယ်ချမ်းသာမှု နှစ်မျိုးတွင် စိတ်ချမ်းသာမှုက ပိုမြတ်၏ ” ဟု ဟောတော်မူထားပါ၏။
ရှင်တော်မြတ်ဘုရားက “ စိတ်ချမ်းသာမှု ကိုယ်ချမ်းသာမှု နှစ်မျိုးတွင် စိတ်ချမ်းသာမှုက ပိုမြတ်၏ ” ဟု ဟောတော်မူထားပါ၏။
ထို့ကြောင့် လူတိုင်း သက်ရှိတိုင်း သူ့သက်တမ်းအလျှောက် အပြည့်အ၀ နေနိုင်ရေးအတွက် သူတစ်ပါးအသက် သတ်ခြင်းမှ ရှောင်ကြဉ်သောအားဖြင့် သက်ရှိတိုင်းကို “ အဘယဒါန ” ဘေးမဲ့အလှူပေးလှူသင့်ပါ၏။ယင်းပါဏာတိပါတသည်ဒေါသကြောင့်ဖြစ်၏၊ဒေါသသည်အဖျက်
တရားဖြစ်၏၊ဖျက်ဆီးရေးသမားဖြစ်၏၊သူလာ လျှင်လက်ခံသူ၏ နှလုံးသားကိုပူလောင်စေ၏၊ ထို့ နောက်တော့ ပတ်ဝန်းကျင်ကိုပူလောင်စေ၏၊ အပူဆင့်ကဲ ဆင့်ကဲ ဖြစ်ပေါ်သောအရပ်၌ မည်သူ မျှ အေးချမ်းမှုကို ရနိုင်မည်မဟုတ်ပေ၊ လွန်ကျူးသူသည်လည်း သံသရာ၌ ငရဲကျရောက်ခြင်း၊ ငရဲမှလွတ်မြောက်လာပြန်သောအခါ ဖြစ်ရာဘ၀သက်တမ်းပြည့် မနေရပဲ အသက်တိုတတ် ပါ၏။သူ့တစ်ပါးပယောဂဖြင့်အသက်ဆုံးရှုံနိုင်ပါ၏။ထို့ကြောင့်မိမိငြိမ်းချမ်းရေးနှင့်လောကငြိမ်းချမ်း
ရေးကို အမှန်တကယ်လိုလားသူမှန်သမျှ“သူ့တပါးအသက် ကို သတ်ဖြတ်ညှဉ်းဆဲခြင်းမှ ” ရှောင်ကြဉ်အပ်ပါ၏။

အလုံးစုံသော သတ္တ၀ါတို့သည် ဒဏ်မှ ထိတ်လန့်ကုန်၏၊ အလုံးစုံသော သတ္တ၀ါတို့သည်(မိမိတို့၏) အသက်ကို ချစ်၏၊ မိမိကိုယ်ကို ဥပမာပြု၍ (ကိုယ်ချင်းစာတရားထား၍)သတ္တ၀ါတို့ကိုမသတ်ဖြတ် မညှဉ်းဆဲရာ။ (ဓမ္မပဒ)
ငါးနှင့် ကျီး
* ငါးနှင့် ကျီး .....
ငါးဟာ “ အစာပဲ ” ကြည့်တတ်တယ်၊
ဒါပေမဲ့ ကျီးကန်းကတော့ “ အစာရော ရန်သူရော ” ကြည့်တတ်တယ်။
ဒါ့ကြောင့် ငါးဟာ ရန်သူ့လက် ကျရောက်လွယ်တယ်၊
ကျီးကန်းကတော့ ရန်သူလက် ကျရောက်ခဲတယ်။
ငါးလိုမနေနဲ့ ကျီးလို နေပါ။
(ကျီးတို့၏ ကောင်းသောအကျင့်များ)
၁။ လျှို့ဝှက်သောအရပ်၌သာ ကာမအမှုပြုခြင်း၊
၂။ အကြိမ်များစွာ ရှုခြင်း၊
၃။ အစားအစာကို ဆွေမျိုးတို့နှင့်တကွ စားခြင်း၊
၎။ ရန်သူကို အမြဲဂရုပြုခြင်း ( သတိအမြဲရှိခြင်း)၊
၅၊ မတွယ်တာခြင်း၊
ရောက်တဲ့အရပ်မှာ ပျော်အောင်နေတတ်ဘို့ထက်
တော်အောင်နေဘို့က ပိုအရေးကြီးတယ်။
ပြည့်စုံတယ်ဆိုတာ ရောင့်ရဲသူ အတွက်ပါ။
မိတ်ကောင်းဆိုတာ ( ပညာ ပစ္စည်း ပါဝါကြောင့် ) စိတ်မပြောင်းသူကို
ခေါ်တာပါ။
( ဖတ်ဘူးသည်များကို ပြန်လည်တင်ပြခြင်း)

မတွယ်ပညတ် မပယ်အပ်
* မတွယ်ပညတ် မပယ်အပ် .....
* ပညတ်သည် တွယ်လည်း မတွယ်ကောင်း။ ပယ်လည်း မပယ်ကောင်း။
တွယ်လျှင် အစွဲနာသဖြင့် အထိနာတတ်သည်။ ပယ်လျှင်လည်း တစ်ဖက်သားနှင့် စကားပြောစရာ မရှိတတ်ချေပြီ ......
* ပညတ်သည် တွယ်လည်း မတွယ်ကောင်း။ ပယ်လည်း မပယ်ကောင်း။
တွယ်လျှင် အစွဲနာသဖြင့် အထိနာတတ်သည်။ ပယ်လျှင်လည်း တစ်ဖက်သားနှင့် စကားပြောစရာ မရှိတတ်ချေပြီ ......
* နှစ်သက်စရာ ဆုံးမစာ ....
* မလောနှင့် မျောတတ်သည်။
* မကွန့်နှင့် လွန့်တတ်သည်။
* ငြိမ်သော် လှုပ်ပေး။ ပြေးသော် ပြန်ထိမ်း။
* အကြံကောင်းနေလျှင် မအိပ်ချင်။
အိပ်ချင်နေလျှင် အကြံမကောင်း။
* သုံးသပ်ချက်မှန်နေလျှင် သံသယမဝင်။
သံသယဝင်နေလျှင် သုံးသပ်၍ မရ။
* နှစ်သက်နေလျှင် စိတ်မဆိုး။
စိတ်ဆိုနေသော် နှစ်သက်၍ မရ။
* ချမ်းသာနေလျှင် မပျံ့မပူ။
ပျံ့ပူနေသော်ကား စိတ်မချမ်းသာ .....
မြတောင်ဆရာတော် စုစည်းတင်ပြ
10.10.2016

လောကီသုခ
* လောကီသုခ၌ အဿာဒသဘောအရ သာယာဖွယ်လည်း ရှိ၏။
အာဒီနဝသဘောအရ အပြစ် (ဘောထွက်ဆိုးကျိုး) လည်း ရှိ၏။
နိဿရဏသဘောအရ ထွက်မြောက်ကြောင်း နည်းစနစ်လည်း ရှိ၏။
10.10.2016
Subscribe to:
Posts (Atom)