Monday, October 10, 2016

ပါဏာတိပါတ

ပါဏာတိပါတ-

* သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်း၊ယင်းလုပ်ရပ်သည် အပြစ်လည်းရှိ၍ မကောင်းကျိုး ( ဆင်း ရဲ) ကိုလည်း ဖြစ်စေသောကြောင့် အကုသိုလ်မည်၏။  သူရှိနေသ၍ အသက်၏ အန္တရာယ်ကို  အမြဲစိုးရိမ်နေရ၏၊ ကြောက်လန့်နေရ၏။ သူရှိနေသော အရပ်သည် အဖြူရောင်ငြိမ်းချမ်းရေး  နယ်မြေ မဟုတ်တော့ ။မငြိမ်းချမ်း သောနယ်မြေသည် ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံနေစေကာမူ စိတ်ပိုင်းဆိုင်ရာ အဘယ်မှာ ချမ်းသာမှု ရနိုင်ပါအံ့နည်း၊ စိတ်ဆင်းရဲ နေသော သူကိုပစ္စည်းပညာပါဝါမည်မျှ  ပြည်စုံစေကာမူ “ လူချမ်းသာ ” ဟူ၍ ခေါ်ဆိုနိုင်မည်မဟုတ် ပေ။ 
ရှင်တော်မြတ်ဘုရားက “ စိတ်ချမ်းသာမှု  ကိုယ်ချမ်းသာမှု နှစ်မျိုးတွင် စိတ်ချမ်းသာမှုက ပိုမြတ်၏ ” ဟု ဟောတော်မူထားပါ၏။

ထို့ကြောင့် လူတိုင်း သက်ရှိတိုင်း သူ့သက်တမ်းအလျှောက် အပြည့်အ၀ နေနိုင်ရေးအတွက် သူတစ်ပါးအသက် သတ်ခြင်းမှ ရှောင်ကြဉ်သောအားဖြင့် သက်ရှိတိုင်းကို “ အဘယဒါန ” ဘေးမဲ့အလှူပေးလှူသင့်ပါ၏။ယင်းပါဏာတိပါတသည်ဒေါသကြောင့်ဖြစ်၏၊ဒေါသသည်အဖျက်
တရားဖြစ်၏၊ဖျက်ဆီးရေးသမားဖြစ်၏၊သူလာ  လျှင်လက်ခံသူ၏ နှလုံးသားကိုပူလောင်စေ၏၊ ထို့ နောက်တော့ ပတ်ဝန်းကျင်ကိုပူလောင်စေ၏၊ အပူဆင့်ကဲ ဆင့်ကဲ ဖြစ်ပေါ်သောအရပ်၌ မည်သူ မျှ အေးချမ်းမှုကို ရနိုင်မည်မဟုတ်ပေ၊ လွန်ကျူးသူသည်လည်း သံသရာ၌ ငရဲကျရောက်ခြင်း၊ ငရဲမှလွတ်မြောက်လာပြန်သောအခါ  ဖြစ်ရာဘ၀သက်တမ်းပြည့် မနေရပဲ အသက်တိုတတ် ပါ၏။သူ့တစ်ပါးပယောဂဖြင့်အသက်ဆုံးရှုံနိုင်ပါ၏။ထို့ကြောင့်မိမိငြိမ်းချမ်းရေးနှင့်လောကငြိမ်းချမ်း
ရေးကို အမှန်တကယ်လိုလားသူမှန်သမျှ“သူ့တပါးအသက် ကို  သတ်ဖြတ်ညှဉ်းဆဲခြင်းမှ ” ရှောင်ကြဉ်အပ်ပါ၏။
အလုံးစုံသော သတ္တ၀ါတို့သည် ဒဏ်မှ ထိတ်လန့်ကုန်၏၊ အလုံးစုံသော သတ္တ၀ါတို့သည်(မိမိတို့၏) အသက်ကို ချစ်၏၊ မိမိကိုယ်ကို ဥပမာပြု၍ (ကိုယ်ချင်းစာတရားထား၍)သတ္တ၀ါတို့ကိုမသတ်ဖြတ် မညှဉ်းဆဲရာ။ (ဓမ္မပဒ)

No comments:

Post a Comment